20 C
Yangon

နွေဦးဘဏ် အစုရှယ်ယာဒုတိယအကြိမ် ရောင်းချမှု သတ်လျာထားချက် ပြည့်မီသွားသော်လည်း ဝယ်ယူမည့်သူများ များပြားလွန်းသည့်အတွက် ရက်ထပ်တိုး

Must read

နွေဦးဘဏ် အစုရှယ်ယာဒုတိယအကြိမ် ရောင်းချမှု သတ်လျာထားချက် ပြည့်မီသွားသော်လည်း ဝယ်ယူမည့်သူများ များပြားလွန်းသည့်အတွက် ရက်ထပ်တိုး

ရန်ကုန်၊ဒီဇင်ဘာ ၅

နွေဦးဘဏ် (SDB) ၏ “အိမ်ပြန်လှိုင်းသစ် ICO Round 2” အစုရှယ်ယာဒုတိယအကြိမ် ရောင်းချမှုတွင် သတ်မှတ်လျာထားချက် အမေရိကန်ဒေါ်လာ ၁၀ သန်းပြည့်သွားသော်လည်း နောက်ထပ်ဝယ်ယူမည့်သူ များပြားလွန်းသည့်အတွက် ရပ်ထပ်တိုးထားကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောသည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည် ၃ နာရီ ခွဲ ခန့်တွင် ICO Round 2 ၏ မျှော်မှန်းပမာဏ အမေရိကန် ဒေါ်လာ ၁၀ သန်း ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိ ပြည့်မီသွားပြီ ဖြစ်ကြောင်း သို့ရာတွင် နောက်ထပ် ဝယ်ယူမည့် သူများပြားလွန်း၍ရက်ထပ်တိုးရသလို အကြောင်းအမျိုးမျိုးကြောင့် နည်းပညာ အခက်အခဲကို ကျော်လွှားပြီး အမိအရ ပါဝင်လိုသည့် နိုင်ငံတကာမှ ပြည်သူလူထု ကို လေးစားသောအားဖြင့် လည်း ကောင်း ၊ ICO 2 နှင့် ပတ်သက်ပြီး ကောင်းနိုးရာရာ အကြံပြုကြတဲ့ နွေဦးပျားရပ်ဝန်းမှ တောင်းဆိုမှုကို ထောက်ရှု သောအားဖြင့် လည်းကောင်း ၊ နွေဦးဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့မှ နောက်ဆုံးအခွင့်အရေး ရှယ်ယာဝယ်ယူခွင့်အား ဒီဇင်ဘာ ၈ ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းကို လေးစားစွာ အသိပေးအပ်သည်ဟု ဝန်ကြီးဦးတင်ထွန်းနိုင်ကပြောသည်။

ယင်း အစုရှယ်ယာကို အမေရိကန်ဒေါ်လာဖြင့်သာမက နေ့စဉ်ပြင်ပ ငွေကြေးလဲလှယ်နှုန်းနှင့်တပြေးညီ မြန်မာကျပ်ငွေ၊ ထိုင်းဘတ်၊ စင်္ကာပူဒေါ်လာ၊ ဩစတြေးလျဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ ကိုရီးယားဝမ်၊ စတာလင်ပေါင်၊ မလေးရှားရင်းနစ် အစရှိသည့် နိုင်ငံတကာငွေကြေး၁၀မျိုးဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင် Round 1 တွင် RM များမှတဆင့်သာဝယ်ယူနိုင်ခဲ့သော်လည်း ယခု Round 2 တွင် RM များမှတဆင့်သာမက မိမိ၏ SDB acc တွင်ငွေဖြည့်ထားရုံဖြင့် မိမိကိုယ်တိုင်စိတ်ကြိုက်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း နွေဦးဘဏ် (SDB) တာဝန်ရှိသူတစ်ဦးကပြောသည်။

နွေဦးဘဏ်၏ ပထမအကြိမ် ရှယ်ယာရောင်းချစဉ်က ရောင်းချသည့်နေ့မှစတင်၍ ၁၀ ရက်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁၁.၈၄ သန်းဖိုး ရောင်းချရပြီး ဘဏ် အမြတ်ငွေ Dividends လည်း နှစ်ခါခွဲပေးပြီးဖြစ်ကြောင်း ဘဏ်တာဝန်ရှိသူကပြောထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article