20 C
Yangon

ခင်ဦးမြို့ပေါ်တွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

Must read

ခင်ဦးမြို့ပေါ်တွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံကြီးအနီး သံပြားကာ ကားတစ်စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် မြို့ပေါ် UG နှင့် ပူးပေါင်း ကာကွယ်ရေးအဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ဘက်က ပစ်ခတ်သော ၆၀ မမ လက်နက်ကြီး ၁ လုံး ကာကွယ်ရေး ရဲဘော်များ စုရပ်နေရာ အနီးဆုံး ပေါက်ကွဲခဲ့သောကြောင့် ရဲဘော် ကိုနွေဦး ကျဆုံးခဲ့ပြီး ရဲဘော် ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် ကိုနွေဦး၏ ဈာပနကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဘက်ကလည်း ၃ ဦးလောက် ကျည်မှန်ဒဏ်ရာတွေ ရကြတယ်လို့တော့ အနီးစပ်ဆုံး အတွင်းသတင်းအရ သိရပါတယ်။ လက်နက်ငယ် အချင်းချင်း ပစ်ခတ်နေကြတုန်း စစ်ခွေးတွေက လက်နက်ကြီးနဲ့ လှမ်းပစ်လို့ တော်လှန်ရေး ရဲဘော်တွေဘက်က ထိခိုက်ကျဆုံးခဲ့တာပါ။ စစ်ခွေး ၃ ကောင်ကတော့ သေဆုံးမှုတော့ မဖြစ်ဘူးတဲ့ ဒဏ်ရာပြင်းထန်မှုပဲ ရှိနေကြတုန်းပါတဲ့ ဆေးကုသမှု ခံယူနေကြပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၎င်းတို့ တပ်စွဲထားသော ပြည်သူ့ဆေးရုံကြီးမှ Non CDM ဆရာဝန် များနှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ကလေးငယ်များ ကာကွယ်ဆေး မဖြစ်မနေ လာရောက် ထိုးနှံကြရန် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article