မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David I. Steinberg အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်
မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David I. Steinbergသည် အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Bethesdaမြို့ တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ အသက် ၉၆ နှစ် အရွယ်ရှိ ပါမောက္ခ David I. Steinberg သည် သူ၏နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး အရာရှိဟေင်းလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်း ကျင်သူလည်းဖြစ်သူ David I. Steinberg သည် အာရှလေ့လာမှုဆိုင်ရာ စာ အုပ် ၁၄ အုပ်နှင့် ပညာရပ်ဆိုင်ရာ ဆောင်းပါးပေါင်း ၁၅၀ ကျော်ကို ရေးသားခဲ့သည်။
သူသည် Georgetown University တွင် ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပြီး အာရှလေ့လာမှုနှင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်း ကျင်သူတစ်ဦးလည်းဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပါမောက္ခ David I. Steinberg ၏ နက်ရှိုင်းစွာ ခွဲခြမ်းစိတ်ဖြာမှု တင်ဆက် ရေးသားမှုများကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားပြီး ၎င်း၏ မြန်မာ့အရေးနှင့်ပတ်သက်သော အမြင်သဘောထားများကို ကမ္ဘာ့ထိပ်တန်းသတင်းစာကြီးများတွင် မကြာခဏ ဖော်ပြခံရလေ့ရှိသည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး သူရေးသားခဲ့သော Burma/Myanmar: What Everyone Needs to Know (2010)၊ Burma: The State of Myanmar (2001)၊ The Future of Burma: Crisis and Choice in Myanmar (1990) စာအုပ်များမှာ ထင်ရှားကျော်ကြားသည်။
David I. Steinberg သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း နိုင်ငံတကာက မြန်မာ့အရေးကို ပိုမို နားလည်သဘောပေါက်လာစေရေးအတွက် သူ၏ အမြင်သ ဘောထားများ၊ ဆောင်းပါးများနှင့်စာအုပ်များက အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။