19 C
Yangon

ပေါင်းတည်ရှိ သိမ်ကုန်း ဝါတာတိုင် စစ်တပ် အထိုင်စခန်းကို အင်အားဖြည့်ရန် ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ပေါင်းတည်ရှိ သိမ်ကုန်း ဝါတာတိုင် စစ်တပ် အထိုင်စခန်းကို အင်အားဖြည့်ရန် ထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ သိမ်ကုန်း တာဝါတိုင် စစ်တပ် အထိုင်စခန်းကို အင်အားဖြည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု ကျေးဖြူကွင်းအနီး၌ အင်အားဖြည့်ရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကိုပုခတ်ဖြင့် အထမ်း ၄ ထမ်းပြုလုပ်ကာ သိမ်ကုန်း တာဝါတိုင် အထိုင်စခန်းကို သယ်ဆောင်သွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“နတ္တလင်းမြို့နယ် ကွင်းကျယ်အထိုင်စခန်းကနေ အင်အား ၅၀ ပါတဲ့ စစ်ခွေး စစ်ကြောင်းက ပေါင်းတည်မြို့နယ် သိမ်ကုန်း စစ်ခွေး အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၄ ကောင် အပြင်းအထန်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ခွေးတွေကို အထမ်းတွေနဲ့ ခေါ်သွားတယ်” ဟု ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article