Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်AA က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်နေတဲ့အပေါ် အကြမ်းဖက် မင်းအောင်လှိုင်ကို တပ်တွင်း ထဲမှာ အပြင်း အထန် ဝေဖန်နေကြပြီး ၊ လက်အောက်ငယ်သားတွေရဲ့ ဘ၀နဲ့ အသက်တွေကို ရင်းပြီး သူအာဏာတည်မြဲဖို့ ချင်နင်းနေတယ်ဆိုပြီးတော့ကို အကြီးအကျယ် ဝေဖန်ကြတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ပြောထားသလို ၊ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်လော်ဘီချန်နယ် တွေမှာလည်း ပြောဆိုထားကြပါတယ်။
ရခိုင်ပြည်နယ် ၊ မောင်တောမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ နခခ ၅ တပ်ရင်းကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်အရာရှိကြီးတချို့ကို အာရက္ခတပ်တော် AA က အရှင်ဖမ်းဆီးရမိထားတယ်လို့ AA ရဲ့ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၃ ရွာကို မန္တလေး PDF က သိမ်းပိုက် လိုက်ပြီး စစ်ကောင်စီတပ်သားတချို့လည်း အသီးသီးသေကုန်ကြတဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။