ရန်ကုန်တွင် ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် စစ်တပ် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်
ရန်ကုန်တွင် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ -NGYSC က ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ ” ဘန်နာစာသား ဆွဲကိုင်၍ စစ်ကောင်စီသက်ဆိုးရှည်ရန် ရည်ရွယ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏အလံကို မီးရှို့ခြင်း ၊ စတေကာများကပ်ခြင်းစသည့် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။