33 C
Yangon

အုတ်ဖိုမြို့ကို PDF တပ်ဖွဲ့များ သိမ်းပိုက်မည်ဆိုသော သတင်းကြောင့် ရိုးမအစပ်တွင်ရောက်ရှိနေသော စစ်ကြောင်းများ မြို့ပေါ် အလျင်အမြန် ဆုတ်ခွာသွားပြီးနောက် လမ်းများ အားလုံးကို ပိတ်ချလိုက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ကို PDF တပ်ဖွဲ့များ သိမ်းပိုက်မည်ဆိုသော သတင်းကြောင့် ရိုးမအစပ်တွင်ရောက်ရှိနေသော စစ်ကြောင်းများ မြို့ပေါ် အလျင်အမြန် ဆုတ်ခွာသွားပြီးနောက် လမ်းများ အားလုံးကို ပိတ်ချလိုက်ပြီး ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရိုးမအစပ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မြို့ပေါ် အလျင်အမြန် ဆုတ်ခွာလာပြီးနောက် မြို့ပေါ်ရှိ လမ်းပိုင်းအားလုံးကို ပိတ်ချလိုက်ပြီး လူငယ် အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“အုတ်ဖိုမြို့ပေါ်မှာ အခုမွန်းလွဲပိုင်း လမ်းတွေပိတ်ပြီး စစ်ခွေးတွေ ပေါ်တာဆွဲနေတယ်။ လူငယ် အများအပြားဖမ်းဆီးခံရတယ်။ ညတုန်းက အုတ်ဖိုကို PDF တွေ ဝင်သိမ်းမယ်လို့ သတင်းကြားပြီး ရိုးမအစပ်မှာရောက်နေတဲ့ စစ်ခွေးစစ်ကြောင်းက စစ်ခွေးတွေ မြို့ပေါ်ပြန်ပြီး လုံခြုံရေးယူတယ်။ သူ့ရောက်ပြီး ဒီနေ့ မွန်းလွဲပိုင်းကစလို့ လမ်းတွေပိတ်တော့တာပဲ မြို့ထဲမှာ လမ်းပေါ်တွေ့သမျှဖမ်းနေတာ အိမ်တချို့ကိုလည်း ဝင်စစ်တယ်။ ကားပေါ်ဆွဲခေါ်တင်နေတာ မနည်းဘူးပြောတယ်။ အုတ်ဖိုမြို့နယ် တရားရုံးမှာ ပေါ်တာဆွဲခံရသူ တချို့ကိုထားတာ မြို့ထဲက ပြည်သူတွေ ကြောက်လန့်နေကြတယ်။ မြို့ထဲမှာလည်း တိတ်ဆိတ်နေတာပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလ ၉ ရက်နေ့ညက ကြို့ပင်ကောက်မြို့ KTV မှ ပြန်လာသည့် အုတ်ဖိုမြို့ လျှပ်စစ်ကွက်သစ်တွင် နေထိုင်သော ဇေယျာမင်း ဆိုသူလည်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး မြို့နယ်တရားရုံး၌ ဖမ်းဆီးထားစဉ် ထွက်ပြေးသွား၍ အကြမ်းဖက် စစ်တပ်က လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

ထို့ပြင် အုတ်ဖိုမြို့နယ်၊ တယ်ပင်ရိုးအုပ်စု၊ ဆတ်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းလွင်ဦးကလည်း စစ်မှုထမ်းကြေး တောင်းခံမှုများ မရရှိ၍ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် စစ်တပ်ကို ရွာထဲခေါ်ဆောင်ပြီး လိုက်လံပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်းကြောင့် ပြည်သူများ အားလုံးထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အုပ်ကြီး ဝင်းလွင်ဦးက ရွာမှာ စစ်မှုထမ်းကြေးတောင်းတာ မပေးလို့ဆိုပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က စပြီး စစ်ခွေးတွေကို ခေါ်လာပြီး ပေါ်တာဆွဲခိုင်းတော့တာပဲ ရွာက အမျိုးသား မှန်သမျှ အကုန်ပြေးနေရပါတယ်။ အခုအချိန်ထိ ရွာမှာ မိန်းကလေးတွေနဲ့ ကလေးငယ်တွေပဲကျန်ပါတယ်။ အမျိုးသားတွေက လယ်တွေ ချောင်းတွေ မြောင်းတွေထဲမှာ အိပ်နေကြရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ရေကာတာမှ မြို့ပေါ်ကို သွားရောက်သည့် ကျော်ကျော်လင်းဆိုသော လူငယ် တစ်ဦးသည်လည်း စစ်ကားဖြင့် ဂိတ်ထိုးထားသော နေရာကို ဖြတ်သွားစဉ် စစ်ကောင်စီ တပ်သားများ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ကားပေါ်ကိုတင်၍ ခေါ်ဆောင်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article