ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာရက္ခတပ်တော် AA က အရှင်ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် သူရိန်ထွန်း ဆိုသူဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းပြီး လူမျိုးရေး ပဋိပက္ခဖြစ်အောင် အဓိက ကြိုးကိုင်ခဲ့သူလည်းဖြစ် ၊ မန္တလေးမြို့မှာ ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ််သတ်ဖြတ်တာတွေ ၊ နန်းတွင်းစစ်ကြောရေးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေ နဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သူဖြစ်တယ်လို့ စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ် ၊ ဂွမြို့အနီးက တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင် လာတဲ့သူတွေ တောက်လျှောက်ရှိနေပြီး ၊ စစ်ကောင်စီတပ်သားတွေလည်း သေတဲ့သူတွေ တော်တော်ကို များနေတဲ့အပြင် အဲဒီ စစ်သားတွေနဲ့ မသာအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေရော စစ်သုံ့ပန်းတွေ ရော ထပ်ပြီးဖမ်းဆီးရမိထားတာတွေ ရှိနေတယ်လို့ AA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ရပ်စဲအောင် ညှိနှိုင်းဆွေးနွေးတွေ ဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရက ပြောလာပြန်တဲ့အပြင်၊ တရုတ်စီမံကိန်းတွေ နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ဘေးကင်းလုံခြုံရေး အတွက် ပါ လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က ပြောဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar