26 C
Yangon

ပြည်ပနိုင်ငံများ တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေး

Must read

ပြည်ပနိုင်ငံများ တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်ပနိုင်ငံများ တရားမဝင် တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေးကြောင်း သိရှိရသည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုအမိန့်ပေးလာခြင်းဖြစ်သည်။

ယခုနှစ် ၂၀၂၄ ခုနှစ်၊ လအလိုက် တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုမှာ တစ်လ ထက် တစ်လ တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံနှင့်ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန် လက်ခံစာရင်းကို တိုက်ဆိုက်စစ်ဆေးရာတွင် မြန်မာနိုင်ငံ၏ပို့ကုန်နှင့်သွင်းကုန်အပိုင်းတွင် အိမ်နီးချင်းနိုင်ငံများ၏ စာရင်းဇယားအရ များစွာ လျော့နည်းနေကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ပြည်ပမှ တင်သွင်းသော တရားမဝင်ကုန်ပစ္စည်းများကို ယခုထက်ပို၍ ၄ ဆခန့် ထိထိရောက်ရောက် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန် စိုးဝင်းက အမိန့်ပေးသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ၂ နှစ်နှင့် ၁၁ လ ကာလအတွင်း တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရရှိမှု အမှုတွဲ ၁၇၂၅၈ မှုရှိပြီး ခန့်မှန်းငွေ ကျပ်ဘီလီယံ ၃၇၉ ဒသမ ၁၄၇ ဘီလီယံရှီကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလ နှင့် နိုဝင်ဘာလအတွင်း ကုန်ပစ္စည်းများ ဖမ်းဆီးရရှိမှုများတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက အများဆုံးဖြစ်ပြီး လိုင်စင်မဲ့ယာဉ်နှင့် တရားမဝင် ကုန်တင်ယာဉ် ဖမ်းဆီးရရှိမှုက ဒုတိယအများဆုံးနှင့် တတိယမှု အများဆုံးဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များ ကြီးထွား အင်အားကောင်းစေသော တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးဟု ခေါင်းစဉ်တပ်က ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို အလွန်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article