25 C
Yangon

ရေနံချောင်း၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီး စဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ရဲ ၂ ဦးစလုံးသေဆုံးသွားကြောင်း People Defense Force – Yenanchaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲ စခန်းမှ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ရဲ ဒုတပ်ကြပ်မြတ်စိုးနိုင်တို့ ၂ ဦးသည် ရေနံချောင်းမြို့နယ် အ တွင်းရှိ ကာကွယ်ရေးအဖွဲ့များ၏ သတင်းများ လိုက်လံထောက်လှမ်းရန် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီး ထွက်လာကြောင်း သတင်းရရှိသဖြင့် မကျည်းတိုင်း – ဖိုးကိုးလမ်းပေါ်မှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းဖမ်းဆီးစဉ် အသာတကြည်အဖမ်းမခံဘဲ လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံရန် ကြိုးစားသ ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ရဲတစ်ဦးနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ဖြင့် သွေးထွက်လွန် သေဆုံးသွားကြောင်း သိရသည်။

“လက်ပစ်ဗုံးနဲ့ ခုခံဖို့လုပ်လို့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာပါ၊ လက်ပစ်ဗုံးကပေါက်ကွဲမှုမဖြစ်ခဲ့ဘူး။ အလာင်းကိုတော့ ကျနော်တို့ပဲ သယ်လာပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ သင်္ဂြိုလ်ပေးလိုက်တယ်၊ တစ်ယောက်ကတော့ ဒဏ်ရာနဲ့ ခေါ်လာတုန်း လမ်းမှာ သွေးထွက်လွန်ပြီးသေသွားတာပါ။ မနေ့က ပစ် ခတ်ဖြစ်ပြီးတော့ ရဲကား ၂ စီးတော့ ရောက်လာတယ်၊ ရောက်လာတာက ပစ်ခတ်မှုတဲ့အနားအထိ တော့ရောက်မလာဘူး။ လမ်းကနေ ပြန်လှည့်ပြန်သွားတယ်” ဟု People Defense Force – Yenanchaung တပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးကို People Defense Force – Yenangyaung ၊ Tamar Myay Special Column နှင့် Midland Dolphin’s Coloum တို့ ကပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ရေနံချောင်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရေနံချောင်းမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article