ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံခဲ့ကြောင်း ချောင်းဦးမြို့နယ်အခြေစိုက် BLDF အညာ မိုင်း တပ်ခွဲမျ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ ထွက်လာ သော ကား ၁၁ စီးပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလးလမ်းပိုင်းတစ်နေရာ စစ်ယာဉ်တန်း၏ ၆ စီးမြောက်ကားကို ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်း တနေရာတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဗမာလွတ်မြောက်ရေးတပ်ဦး BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့ ရဲဘော်ညီကိုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးထိမှန်ပျက်စီးခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုများအတွင်း စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်မှုရှိခဲ့သောာ်လည်း တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာ၌ အကြမ်းဖက်စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၉ မိနစ်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ ဘက်သို့ ထွက်လာသော စစ်ကား ၁၁ စီးပါ စစ်ယာဉ်တန်းမှ ဒုတိယမြောက်ကားကို မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် ပဒေသာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားမှာ မိုင်းစထိမှန် ပြီး ထိုးရပ်သွားကြောင်း ၊ထိုသို့ ကားထိုးရပ်သွားပြီးနောက် နောက်မှ ကပ်လိုက်လာသော ကားပေါ်မှ စစ်သားများနှင့် ကင်းပုန်းဝပ်နေသော စစ်သားများက လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာကို ရမ်းသမ်း ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲပြီးတော့ နောက်ကနေလိုက်လာတဲ့ကားပေါ်ကနေလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ် ခတ်တာရှိတယ်၊ ပြီးတော့ ကင်းပုန်းဝပ်နေတဲ့စခတွေကလည်း ရမ်းသမ်းပစ်ခတ်တာရှိတယ်၊ အဲဒီလို ပစ်ခတ်နေတဲ့ ကျည်ဆံတွေကကြားကနေ ရဲဘော်တွေ ခက်ခက်ခဲခဲနဲ့ ဘေး အန္တရာယ်ကင်းစွာ ဆုတ် ခွာ နိုင်ခဲ့ပါတယ်။ မိုင်းထိတဲ့ကားက ခဏရပ်တန့်သွားပြီးတော့ ဆက်မောင်းသွားတာ တွေ့လိုက်ရ တယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး” ဟု Area71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Area71PDF Monywa နှင့် မုံရွာမြို့ပြည်သူ့ကာကွယ်ရေး ဖောက်ခွဲရေး အဖွဲ့ နှင့် ANYAR DEFENCE FORCE အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် သေဆုံးမှု များပြားနေသဖြင့် စစ်ကောင်စီတပ်အတွင်း နာရေးပြင်ဆင်ထားမှုတစ်ခုကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar