ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားသည့် ပလိုင်းပျူစောထီးရွာကို Fixed Wing Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Burmese Independent Army မှ တာဝန်ရှိသူက ပြောကြားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်း ပလိုင်းပျူစောထီးကျေးရွာကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စ်သားများ ထိခိုက် သေဆုံးမှု စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Burmese Independent Army မှ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDP အဖွဲ့နှင့် အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် Fixed Wings Drone များ၊ ဗုံးသီးများ အားဖြည့်ကူညီစေလိုကြောင်း B,I.A အဖွဲ့ကတိုက်တွန်းသည်။
“B.I.A (ဒီပဲယင်း) LDF အဖွဲ့က အရင်ပွဲတုန်းက ၃၅ သိန်းတန် Fixed ဒရုန်း ၃ စင်း ဆုံးရှုံးခဲ့တယ်။ နောက်ထပ် Fixed Wing ဒရုန်း တွေ ထပ်မံ ဝယ်ယူနိုင်ဖို့ ကူညီပေးကြပါဦးဗျာ” ဟု Burmese Independent Army မှ တာဝန်ရှိသူက ပြောကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာပျူစောထီးစခန်းသို့ ရိက္ခပို့လာသော စစ်သင်္ဘော ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခမှ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို လက်နက်ခဲယမ်းရိက္ခာများလာ ရောက်ပို့ ဆောင်သည့် အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို ရှေ့ထွက်ပြောင်း ၂ ပွိုင့် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းသို့ လက်နက် ရိက္ခာပို့ဆောင်ပြီး မုံရွာ မြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ စစ်သင်္ဘော ၂ စီးက ပြန်လည်ထွက်ခွာစဉ်အချိန်တွင်လည်း ရှေ့ထွက် ပြောင်း ၂ ပွိုင့် မိုင်း ၇ လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ထပ်မံပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ခွေးသေထိခိုက်မှုကတော့ စုံစမ်းနေဆဲပါ။ စခတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိခဲ့ပေမယ့် ကျနော်တို့တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု Brave Heart Army-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို Chindwin Fighter Group (C.F.G) အဖွဲ့သားများမှ ဦးဆောင်၍ ဗန္ဓုလ နှင့်အဖွဲ့သားများနှင့် Brave Heart Army-BHA တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မြစ်ကြောင်းအတွင်း သွားလာနေသော စစ်ကောင်စီတပ်၏ ရေယာဉ် ၁ စီးကို တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar