မြန်မာနိုင်ငံတွင် ပြည်သူများ ပိုမိုထိခိုက်လာသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ မြင့်တက်လာ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အထူးစိုးရိမ်ပြန်
မြန်မာနိုင်ငံတွင် ပြည်သူများ ပိုမိုထိခိုက်လာရသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ မြင့်တက်လာ၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Guterres က အထူးစိုးရိမ်လျက်ရှိကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက နယူးယောက်မြို့တွင် ကြာသပတေးနေ့တွင် ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှစပြီး စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် အရပ်သားများကို ခွဲခြားမရှိဘဲ လေကြောင်းတိုက်ခိုက်နေသဖြင့် သေဆုံးမှုများ မြင့်တက်နေပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပဋိပက္ခတွင် ပါဝင်သူအားလုံးအနေဖြင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန်နှင့် နိုင်ငံတကာဥပဒေအောက်တွင် အရပ်သားများကို အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း၊ တင်းမာမှုများ ထပ်မံ မဖြစ်ပွားစေရေး နှစ်ဖက်က ထိန်းသိမ်းဆောင်ရွက်ကြရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်၊ ပြည်သူများကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ချိန်များတွင် အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာသည်မှာ အာဏာသိမ်းကာလ ၄ နှစ်နီးပါးအထိရှိလာပြီဖြစ်ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂနှင့် လုံခြုံရေး ကောင်စီကလည်း တံခါးပိတ်နှင့် တံခါးဖွင့် အစည်းအဝေးများစွာကို အကြိမ်ကြိမ် ကျင်းပပြုလုပ်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်ကို မည်သည့် အရေးယူမှု မလုပ်ဆောင်နိုင်ကြောင်း ပြည်တွင်းတော်လှန်ရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။