27 C
Yangon

မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၆ ဦး ပြန်လည် လွတ်မြောက်လာ

Must read

မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၆ ဦး ပြန်လည် လွတ်မြောက်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၆ ဦးကို ပြန်လည် လွတ်မြောက်လာကြောင်း အိန္ဒိယသတင်းများအရ သိရှိရသည်။

အဆိုပါ ပြန်လည် လွတ်မြောက်လာသော အိန္ဒိယနိုင်ငံသား ၆ ဦး သက်ဆိုင်ရာ မိခင်နိုင်ငံသို့ ပြန်နိုင်ရေးအတွက် နယ်မြေခံ ရဲစခန်းသို့ ခေါ်ဆောင်ထားကြောင်း ၊ ယခုနှစ် ဇူလိုင်လမှစတင်၍ အိန္ဒိယနိုင်ငံသား ၁၀၁ ဦးကို ပြန်လည် လွတ်မြောက်လာပြီး မြန်မာနိုင်ငံက ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက စနေနေ့တွင် အိန္ဒိယနိုင်ငံသား အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်များကို သတိပြုကြရန် တိုက်တွန်း ထုတ်ပြန် သည်။

မြ၀တီရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်လည်သည့် လုပ်ငန်းများတွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်ပေးရေးနှင့် နေရပ်ပြန်ပို့ရေး ဆောင်ရွက်ရမှုမှာ အလွန်ရှုပ်ထွေးနေကြောင်း၊ လတ်တလော မြ၀တီတွင် မြန်မာစစ်ကောင်စီကလည်း လက်လှမ်းမမီဘဲ လက်နက်ကိုင်များက ထိန်းချုပ်ထားကြောင်း ၊ အိန္ဒိယမစ်ရှင်အနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို မထိခိုက်စေဘဲ အခြားသော သက်ဆိုင်သူများမှတစ်ဆင့် ချည်းကပ်ရန် လိုအပ်ကြောင်း အိန္ဒိယသတင်းများက ဆိုသည်။

ဓာတ်ပုံ- မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့သစ်မှ အွန်လိုင်းကျားဖြန့် လုပ်ငန်းတစ်ခု ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article