ရန်ကုန်၊ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့ကို ဖြတ်သန်းသွားသော အကြမ်းဖက် စစ်တပ်၏ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး စစ်ကား ၃ ဦးပျက်စီးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ဝမ်ပေါင် ကုမ္ပဏီကို ထွက်ခွာလာသော အက်စစ်တွဲကားနှင့် သံပြားကား စစ်ကားများ လိုက်ပါလာသော အစီး ၇၀ ကျော်ပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် စောင့်ကြိုပြီး အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ်၊ မအူဂိတ် အနီးရှိ မြေနဲရွာနှင့် တံတားဖြူး အကြားတွင် မဲမှောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Ar Lar Wa Ka တပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း ဒေါင်းမင်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကား ၃ စီးပျက်စီးခဲ့ကြောင်း သိရသည်။
” ဒီဇင်ဘာ ၁၅ ရက်နေ့ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်စဉ်မှာ စစ်ခွေး ၈ ကောင်သေပြီး အများအပြား ဒဏ်ရာရတယ်။ ကား ၃ စီးပျက်စီးတယ်။ တိုက်ခိုက်ခဲ့တဲ့ နေ့မှာတော့ စစ်ခွေး ၅ ကောင်အရှင်မိတာပဲ အတည်ပြုနိုင်တာ အခုမှ စစ်ခွေး သေစာရင်းနဲ့ ဒဏ်ရာရတဲ့ သူတွေများတယ်ဆိုတာ ထပ်ပြီး သိရတာ” ဟု မဲမှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မဲမှောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ဗမာလွက်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ နှင့် ဒေါင်းဘုရင် တပ်ဖွဲ့တို့က လည်း မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြင်းမူမြို့နယ် တစ်နေရာနှင့် မုံရွာ-ချောင်းဦး လမ်းပိုင်းတို့တွင် အဆိုပါ ယာဉ်တန်းကို ထပ်မံပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar