18 C
Yangon

ဖာပွန်ခရိုင်တွင် ဒီဇင်ဘာလဝက်အထိ တိုက်ပွဲ ၄၅ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး

Must read

ဖာပွန်ခရိုင်တွင် ဒီဇင်ဘာလဝက်အထိ တိုက်ပွဲ ၄၅ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဒီဇင်ဘာလဝက်အထိ တိုက်ပွဲ ၄၅ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး ၈ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များက ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီး ၂၈ လုံး ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article