32 C
Yangon

ဆားလင်းကြီးမြို့မရဲစခန်းနှင့် အထွထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Monywa Inventor အဖွဲ့တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဆားလင်းကြီး မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၆၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး အလုံး ၄၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ငယ်များဖြင့်လည်း အနီးကပ်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရ သည်။

“လက်နက်ကြီးအလုံးပေါင်း ၄၀ ပစ်ခဲ့တာပါ။ လက်နက်ငယ်တွေနဲ့လည်းအပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပါတယ်။ သူတို့ဘက်ကလည်း ဒရုန်းတွေနဲ့ အဖူးတွေချတယ်၊ လက်နက်ငယ်တွေနဲ့ လည်း ပြန်ပစ်တာရှိတယ်။ စခအသေအပျောက်အထိအခိုက်များတယ်။ အရေအတွက်အတိအကျ မသိရ သေးဘူး” ဟု Monywa Inventor အဖွဲ့တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor အဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော Tripple Two ၊ ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ – ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article