25 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကား ၃ စီးဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း Taw Twin Tup Pee Local မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်ကား ယဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့သော နေရာကို မွန်းလွဲ ၁၂ နာရီခန့်တွင် အိမ်စီးကား ၃ စီးဖြင့် ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် မွန်းလွဲ ၂ နာရီကျော်ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များက လက်နက်များ ကောက်ယူရန် ကြိုးစားစဉ် အိမ်စီးကားဘေးတွေ ပုန်းနေသည့် စစ်သား ၁ ဦးက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ခွေးကား ယဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အဲမိုင်းဆွဲရာ နေရာကို မိုင်းရှင်းလင်းဖို့အတွက် အိမ်စီးကား ၃ စီးနဲ့ စစ်ခွေးတွေ လာရောက် ရှင်းလင်းတဲ့ အချိန်မှာ ထိတွေ့မှုဖြစ်ခဲ့တယ်။ ထိတွေ့မှုကတော့ မွန်းလွဲ ၁၂ နာရီကနေ ၂ နာရီကျော်ထိ ဖြစ်ပွားခဲ့တယ်။ အကုန်တက်ပြီးတော့ သိမ်းခါနီးမှ ကားနားမှာ ပုန်းနေတဲ့ စစ်ခွေး ၁ ကောင်က ချောင်းပစ် လိုက်လို့ ရဲဘော် ၁ ဦး ကျသွားတယ်။ တပ်ကူအင်အားများလို့ အလောင်းကောက်ချိန်မရခဲ့ဘူး။ စစ်ခွေးဘက်က ခွေး၁၂ ကောင်လောက်သေတယ်။ ဒဏ်ရာ အတော်ရသွားတယ်။ စစ်ခွေး လက်နက်တွေတော့ မသိမ်းနိုင်ခဲ့ဘူး။ ရခါနီးမှ တပ်ကူတွေ ရောက်လာတာ တိုက်ပွဲဖြစ်တဲ့ နေရာက စစ်ခွေး အထိုင်ချ တပ်ဆွဲထားတဲ့ အဖွဲ့နဲ့လည်း နီးတယ်။ ၆၀၀၅ တပ်ကလည်း ရှိတယ်။ လေ့ကျင့်ရေး ၁၆ ကလည်း နီးတော့ စစ်ခွေးတွေ အလျင်အမြန်ရောက်လာတာ” ဟု Taw Twin Tup Pee Local မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Taw Twin Tup Pee Local ၊ @Generation Z Power၊ စစ်ကိုင်းမြို့နယ်ပကဖ ၊ Phoenix (sgg) နှင့် BRA (LDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article