ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ မြို့နယ် ၈ ခုတွင် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုး၊ လုံခြုံရေး တင်းကျပ်ရန် စီစဉ်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
ပဲခူးတိုင်း၊ သာယာ၀တီခရိုင် မြို့နယ် ၈ ခုတွင် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေး ဆောင်ရွက်ရန် နေပြည်တော်စစ်ရုံးက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်ထံသို့ တိုက်ရိုက်ညွှန်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကြောင်းထိုးမှုများနှင့် လုံခြုံရေးတင်းကျပ်မှုများ ရှိလာမည့်အပြင် စစ်တပ်အင်အား ဖြည့်တင်းခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်သားသစ်များ စုဆောင်းခြင်းနှင့် စစ်မှုထမ်းကြေး လက်မခံတော့ဘဲ တပ်သားသစ် လူငယ်များသာ ပို့ဆောင်ပေးရန် ညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။
သာယာဝတီခရိုင် တွင် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး နယ်မြေ ပြန်လည် စိုးမိုးရေးပြန်လည်ရရှိရေးအတွက် နေပြည်တော်စစ်ရုံး၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။
ထိုသို့ နယ်မြေ စိုးမိုးနိုင်ရေး လုပ်ဆောင်ရာတွင် တပ်မ ၇၇ နှင့် ၁၀၁ တို့ကို ညွှန်ကြားချက်ပါ အတိုင်း စစ်ကြောင်း ၄ ကြောင်း ဖွဲ့စည်းပြီး စိုးမိုးနယ်မြေ အဖြစ် ပြန်လည်သိမ်းပိုက်ရန် ကက ကြည်း နှင့် စစ်ဆင်ရေး အထူးအဖွဲ့ တို့က ကွပ်ကဲဆောင်ရွက်နေကြောင်း သိရှိရသည်။
” ပဲခူးတိုင်း အနောက် သာယာဝတီခရိုင်က ၈ မြို့နယ်ကို စစ်ကြောင်းထိုး ပြန်လည် စိုးမိုးနိုင်ရေးအတွက်ဆိုပြီး တပ်မ ၇၇ နဲ့ ၁၀၁ တို့ကို ညွှန်ကြားချက်ပါ အတိုင်း စစ်ကြောင်း ၄ ကြောင်းဖွဲ့စည်းပြီး စိုးမိုးနယ်မြေ အဖြစ်ပြန်လည်သိမ်းပိုက်ဖို့ ကက ကြည်း (စဆရ၊ လကရ) နဲ့ ကစထ (၁၊ ၃၊ ၆)တို့က တိုင်းမှူးကို တိုက်ရိုက် ညွှန်ကြားခဲ့ထားတယ်လို့ သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း စစ် အင်အားဖြည့်တင်းရန် အကြမ်းဖက် စစ်တပ်က မင်းလှမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများကို လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလပိုင်းမှ စတင်၍ လူစားထိုး စစ်မှုထမ်းကြေး လက်မခံဘဲ တပ်သားသစ်လူငယ်များက ပို့ဆောင်ပေးရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
“စစ်ခွေး ညွှန်ကြားချက်ထွက်ပြီး သိပ်မကြာဘူး။ မင်းလှမြို့နယ်မှာ လာမယ့် ၂၀၂၅ ၁ လပိုင်းကနေ စပြီး စစ်ခွေးတွေက အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်း အစားထိုးငွေ မကောက်ခိုင်းတော့ဘဲ တပ်သားသစ် လူငယ်တွေပဲ ပို့ဆောင်ပေးဖို့ အမိန့် ထုတ်ထားတယ်လို့ သိရတယ်။ လက်ရှိချိန်မှာ မင်းလှမြို့နယ် တစ်ခုတည်းဆိုပေမယ့် ခွေးတွေ စစ်ကြောင်းထိုးမယ့် မြို့နယ်တိုင်းမှ လုပ်မယ်ထင်တယ်။ လူငယ်တွေကို သတိပေးချင်တာတော့ အလုပ်သွားအလုပ်ပြန်တွေ သတိထားဖို့နဲ့ ညဘက်တွေ အပြင်မထွက်ဖို့ဘဲ နောက်ပိုင်း ပေါ်တာဆွဲတာပိုဆိုးလာမယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ တပ်မ ၇၇ မှ စစ်သားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo – အီးပီအေ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar