25 C
Yangon

ရွှေဘိုမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီ သယ်ယူမှုများကို စစ်တပ်က မတရားငွေကြေးကောက်ခံနေ၍ ပြည်သူများအခက်တွေ့ ၊ မြစ်ကြီးနားသို့ ဆန်နှင့်စက်သုံးဆီသယ်ယူလျှင် ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဆန်စပါးနှင့်စက်သုံးဆီသယ်ယူခွင့်ကို ပိုမို တင်းကျပ်ထားပြီး ဆန်နှင့်စက်သုံးဆီ သယ်ယူလျှင် စစ်တပ် ဂိတ်တိုင်းက အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံး ကျပ် သိန်း ၂၀ အထိ တောင်းခံနေသဖြင့် ပြည်သူများ အခက်တွေ့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ဂိတ်များဖြစ်သည့် ဇီးကုန်းဂိတ်၊ ကန်တော်ဂိတ်၊ အမှတ် ၂ ကျောင်းဂိတ်၊ ကိုးပင်ဂိတ်၊ မင်းကျောင်းဂိတ်၊ မန်းလေးအဝင်ရွှေဘိုတောင်မုဒ်ဂိတ်၊ မင်းကုန်းဂိတ်နှင့် ဆိပ်ခွန်ဂိတ်တို့မှ အကြမ်းဖက်စစ်သားများသည် ကုန်စည်သယ်ယူခွင့် ပြေစာပါလျှင် ကျပ် ၂၀၀၀၀ တောင်းပြီး ပြေစာ မပါလျှင် ကျပ် ၅၀၀၀၀ တောင်းခံနေကြောင်း၊ ဆန်မှာမူ သယ်ယူခွင့် ပြေစာ မပါလျှင် လုံးဝ သယ်ခွင့် မပေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ဒီနှစ် စပါးသယ်ရတာ တော်တော်ကျပ်တယ် ။ ဘယ်က သယ်လာတာလဲ ဘယ်ပို့မှာလဲလို့ မေးတယ် ။ ငွေကတော့ ပြေစာပါပါ မပါပါ ပေးရတာပဲ။ စပါးထက် ဆန်သယ်ယူတာကို ပိုမိုတင်းကျပ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ရွှေဘို-မြစ်ကြီးနားလမ်း၊ ကိုးပင်ဂိတ်တွင်မူ မြစ်ကြီးနားသို့ ဆန်နှင့် စက်သုံးဆီသယ်ယူခွင့်မပေးဘဲ ဆန်နှင့် စက်သုံးဆီ ပါလာသူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း၊ ဆန်နှင့်ဆီသယ်ယူသူများအနေဖြင့် အဖမ်းခံရမည်စိုး၍ ပစ္စည်းများ ထားခဲ့ရပြီး ဒဏ်ငွေအဖြစ် ကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ စစ်တပ်ကို ပေးရကြောင်း ကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့တွင် ဓာတ်ဆီ ၁ လီတာ ကျပ် တစ်သောင်းခွဲအထိ မှောင်ခို‌ဈေးကွက်တွင် ပေါက်နေကြောင်း၊ထို့ပြင် စစ်ကိုင်းနှာပေါက် အကြမ်းစစ်တပ်ဂိတ်နှင့် ရွှေဘိုမြို့နယ် အကြမ်းဖက်စစ်တပ်ဂိတ်များက စက်သုံးဆီသယ်သည့် ဆီဘောက်ဆာကားနှင့် တွဲကားများကို ကားတစ်စီးလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၂၀ ထိတောင်းယူနေပြီး ကားအသေးနှင့် ကုန်ကားများ၊ ထော်လာဂျီများပေါ်တွင် တင်လာသည့် စက်သုံးဆီပေပါတစ်လုံးလျှင် ကျပ် ၅သောင်း တောင်းခံနေကြောင်း ကုန်သည်များက ပြောဆိုကြသည်။

ဓာတ်ပုံ – ရွှေဘိုတွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲများက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွှေဘိုတွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲများက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article