ရန်ကုန်၊ ဒီဇင်ဘာ ၂၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေပုသိမ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိသေးဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်ထိ ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့နေကြောင်း သိရှိရသည်။
“မြွေပုသိမ်ရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ခွေးတွေ ဆက်တိုက် မီးရှို့နေတယ်။ ရွာထဲ အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေတယ်” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာကိုလည်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေကြောင်း We Love Myaing အဖွဲ့က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြိုင်မြို့နယ် တောင်ပိုင်း စက်မှု ၂ မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်ပုတ်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar