Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးပြီး ၃ ရက်အကြာ ရန်ကုန်မှာပြုလုပ်တဲ့ စစ်တက္ကသိုလ် DSA ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းအရာရှိတွေ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြူကြူလှအတွက်လို့ဆိုကာ “သုံးရာသီ” သီချင်း သီဆိုခဲ့တယ်လို့ တပ်အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်မိသားစုဝင်တွေအပါအဝင် စစ်ကောင်စီတပ်သား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ်- ၈၁ ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌရာထူး ရယူတော့မယ့် မလေးရှားဝန်ကြီးချုပ်အန်နဝါက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှနဝပ်ကို တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စအပါအဝင် ဒေသတွင်းကိစ္စတွေကို ဆွေးနွေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။