28 C
Yangon

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

Must read

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

“နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်” ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

MNDAA နှင့် စစ်ကောင်စီတို့အကြား ယခု ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂ ရက်အကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း စစ်တပ်က လားရှိုးမြို့ကို ပြန်ပေးရန် တောင်းဆိုရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ အဆုံးသတ်သွားခဲ့ကြောင်း၊ အခြားသော မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြားတွင်လည်း တွေ့ဆုံဆွေးနွေးမှုများရှိသော်လည်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ပေးအပ်ရန် ဆိုသည့် တောင်းဆိုမှုကြောင့် ငြိမ်းချမ်းရေး ရှေ့မဆက်နိုင်တော့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article