23.9 C
Yangon

တောင်သာနှင့်ရေဖြူမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

တောင်သာနှင့်ရေဖြူမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်သာစွပ်ကျယ်စက်ရုံ အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေဖြူကုန်းရွာ အနောက်ဘက်နှင့် သပြေပင်ရွာ အနောက်ဘက်ကို အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 ကျည်ဘောက် ၁ ဘောက် နှင့် G-3 ကျည် ၂၀ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ မှ ဒုတပ်ရင်းမှူး ကျော်ကြီး ဦးဆောင်သော တော်လှန်ရေး ရဲဘော်များက ထိပ်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Tavoy People Liberation Force – TPLF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေရှိရာ နေရာကို သွားလာခြင်းမပြုလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Tavoy People Liberation Force – TPLF မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF နှင့် TPLF Drone Team တို့ အပါအဝင် သာဂရစစ် ကြောင်း၊ Ba Htoo Army၊ ရေဖြူပကဖ နှင့် ဇင်ယော်တပ်စု (‌ရေဖြူ)တို့ က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article