30 C
Yangon

ချောက်မြို့နယ် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကံသစ်ရွာမှ နေအိမ် ၃ လုံးကို မီးရှို့ကာ အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးကို ဖမ်းဆီးသွား

Must read

ချောက်မြို့နယ် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကံသစ်ရွာမှ နေအိမ် ၃ လုံးကို မီးရှို့ကာ အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ ချောက်မြို့နယ် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကံသစ်ရွာမှ နေအိမ် ၃ လုံးကို မီးရှို့ကာ အသက် ၁၄ နှစ်အရွယ် ကလေးငယ် ၁ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

မကွေးတိုင်း‌ ချောက်မြို့နယ် ကုန်းကြီး ပျူစောထီးရွာဘက်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် Chauk Revolution Army (CRA) စခန်းအနီးသို့ ရောက်လာပြီး ၁ နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက်တွင် အကြမ်းဖက်စစ်သားများက CRA စခန်းကို မီးရှို့ဖျက်ဆီးကာ အပြန်လမ်းတွင် ကံသစ်ရွာမှ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း Chauk Revolution Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် အင်အားချင်း မမျှသဖြင့် ရဲဘော်များက နောက်ဆုတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က Chauk Revolution Army ၏ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး အပြန်လမ်းတွင်မူ အကြမ်းဖက်စစ်တပ်က ကံသစ်ကုန်းကျေးရွာမှ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသား မောင်မင်းခန့်ကို ဖမ်းဆီးသွားခဲ့ကြောင်း Chauk Revolution Army ထံမှ သိရှိရသည်။

“မောင်မင်းခန့်ကို စစ်ကြောင်းအပြန်ဆွဲသွားတာဗျ။ စစ်ခွေးတွေ ထိခိုက်မှု ဘယ်လောက်ရှိလဲက အတည်မပြုနိုင်သေးပါဘူး။ ထိခိုက်မှုများတယ်လို့ ကြားတယ်” ဟု Chauk Revolution Army မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ကုန်းကြီး နရွဲတောလမ်းပေါ်ရှိ CRA စစ်ဆေးရေးဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နရဲတောရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်းတွင်မူ အကြမ်းဖက်စစ်သားများ ထိခိုက်မှု များပြားသည်ဟု ဒေသပြည်သူများထံမှ ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း Chauk Revolution Army မှ တာဝန်ရှိသူက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article