26 C
Yangon

ရေစကြို ရဲစခန်းမှ ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများနှင့် ပခုက္ကူတွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ရေစကြို ရဲစခန်းမှ ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများနှင့် ပခုက္ကူတွင် စစ်တပ် စစ်ကြောင်း တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ ကင်းယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကယ်ရေးအဖွဲ့ – ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရေစကြိုမြို့ပေါ်ရှိ မြို့မရဲစခန်းမှ လမ်းကင်းယူရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ ရေစကြိုမြို့ အထွက် ဘက်စုံခြံနား အရောက် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီးတော့ ရေစကြိုမြို့မစခန်းထဲကို ပြန်ဆုတ်သွားတာ၊ ဒဏ်ရာရတဲ့သူတွေ‌ တော့ သေတယ်လို့ မကြားမိသေးဘူး။ ဒါပေမယ့် ကျနော်တို့စုံစမ်းရသလာက်ကတော့ သေနိုင်‌ လောက်တဲ့ ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အခုလောလောဆယ်တော့ ရေစကြိုဆေးရုံမှာ တင် ထားတာ။ ပစ်ကူပေးတာ သူတို့နဲ့မလှမ်းမကမ်းမှာ အဖွဲ့တစ်ဖွဲ့ရှိတယ်။ နောက်ပြီးတော့ ရေစကြိုမြို့မ စခန်းနဲ့လည်းမဝေးဘူးပေါ့။ နှစ်ဖက်ညှပ်ပြီးတော့ ပစ်ကူပေးနေတော့ ကျနော်တို့ လက်နက်မကောက် နိုင်ပဲနဲ့ ပြန်ဆုတ်ခဲ့ရတာ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကယ်ရေးအဖွဲ့ – ရေစကြို ပကဖ မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင် ပျူစောထီးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ထိခိုက်မှုရှိကြောင်း Black Eagle Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ညောင်ဂျစ်ပင် ပျူစောထီးရွာကို ပခုက္ကူ တပ်မ ၁၀၁ မှ စတင် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Drone Force ၊ ABSDF Column – 3 နှင့် King Fighter SGF အဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article