23 C
Yangon

Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု

Must read

Breaking News- ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု ခိုင်သုခ အတည်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် ချေမှုန်းတိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ကြောင်း၊ ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကိုလည်း လိုက်လံ ချေမှုန်းလျက်ရှိပြီး စစ်ကောင်စီက ဂွမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက် ရန်ကြိုးစားလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ဂွမြို့ တိုက်ပွဲအခြေအနေကတော့ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဂွမြိုမှာရှိတဲ့အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တိုအာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဂွမြို့ ကနေ ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲတွေကို ကျနော်တိုအာရက္ခတပ်တော်ကလိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကူအင်အားတွေထပ်ဖြည့်ပြီး ဂွမြို့ အနီးတဝိုက်သိုပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာတွေရှိတဲ့အတွက် တချို့ နေရာတွေမှာတိုက်ပွဲတွေဆက်လက်ပြန်းထန်နေတာရှိပါတယ်။ အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီရဲ့ လေတပ်ကဗုံးကျဲတိုက်ခိုက်မှုတွေဆက်တိုက်ရှိနေဆဲဖြစ်သလို ရေတပ်ကလည်း ဧရာဝတီတိုင်း ၊ ကမ်းသာယာကမ်းခြေအနီးရေပြင်ထက်မှ ရေကြောင်းပစ်ကူ လက်နက်ကြီးတွေနှင့်တောက်လျောက်ပစ်ခတ်နေတာတွေရှိပါတယ်” ဟု ခိုင်သုခက ရှင်းပြသည်။

ယခုအခါ AA က ရခိုင်ပြည်တွင် မြို့ ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ မာန်အောင်နှင့်ကျောက်ဖြူ မြို့ ၃ ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article