32 C
Yangon

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦး ထပ်မံ ဖမ်းဆီးရမိ၊ ဆားလင်းကြီးတွင် အတင်း အဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူ ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦး ထပ်မံ ဖမ်းဆီးရမိ၊ ဆားလင်းကြီးတွင် အတင်း အဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူ ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်း၊ ဆောမြို့နယ်တွင် မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဆောမြို့နယ်၊ ရေရှင်ကျေးရွာ၌ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ စခန်းစွန့် ထွက်ပြေးလားသော စစ်ကောင်စီ တပ်သား ဇော်မျိုးလှိုင်နှင့် လီဂျေ တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်သုံ့ပန်း ၂ ဦးကို ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ (ဗျူဟာ-၈၁) ပူးပေါင်းစစ်ကြောင်းတို့မှ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ပဲခူးတိုင်းမှ အတင်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရသူ စစ်မှုထမ်း သင်တန်းဆင်း ရဲတပ်သား ၁ ဦး သေနတ် ၁လက် ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ တာဝန်ခံ ကိုမင်းမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ ရဲတပ်သား ကိုအေးချမ်းသည် ဝမ်ပေါင် ကြေးနီလက်ပံတောင်းတွင် ကင်းစောင့်ရင်း အုတ်တံတိုင်းပေါ်ကို ကျော်ဖြတ်ပြီး သေနတ် ၁ လက်ယူဆောင်လာကာ PDF ထောက်ပို့ ပြည်သူ့တပ်သား အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သား ကိုအေးချမ်းကို အကြမ်းဖက် စစ်တပ်က မုံရွာမြို့တွင် စစ်သင်တန်းပေးပြီးနောက် ဝမ်ပေါင် ကြေးနီလက်ပံတောင်းကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဂုဏ်ပြုဆုငွေ ပေးဖို့ ရှိပါတယ်။ ဒါပေမယ့် အဆင်မပြေသေးဘူး အလှူခံရအုံးမယ်။ သူရဲ့ စိတ်ခံစားချက်ကတော့ သူက အစက သာမန်လူငယ်ပဲလေ ပဲခူးတိုင်းမှာ သာမန်လူငယ်ပဲ သွားလာနေတဲ့ လူငယ်တစ်ယောက်က စစ်ကောင်စီ တပ်သားတွေနဲ့ တွေ့ပြီးတော့ ဖမ်းတာခံလိုက်ရတာ ဖမ်းတဲ့ အခါကျတော့ သူကို အဖမ်းခံမလား။ ရဲတပ်သားထဲဝင်မလား။ ငါတို့ ရဲလုံခြုံရေးထဲ ဝင်မှာလား မေးတဲ့အခါကျတော့ သူက အဖမ်းတော့ မခံဘူး ရဲလုံခြုံရေးထဲ ဝင်မယ်ဆိုပြီးတော့ ဝင်လာတာ ဝင်ပြီးတော့ မုံရွာသင်တန်းပေးတာ မုံရွာကို ပို့လိုက်တာ မုံရွာပို့ပြီးတော့ သင်တန်းပေးပြီးတော့ မုံရွာကနေ သင်တန်းအောင်လို့ ဝမ်ပေါင်ကို ပို့လိုက်တာ ဝမ်ပေါင် ကြေးနီ လက်ပံတောင် အဲဒီကနေမှ ထွက်ပြေးလာခဲ့တာ ခံယူချက်ကကျတော့ PDFတွေနဲ့ တွေရင် PDFတွေနဲ့ နီးစပ်တယ်ဆိုရင် သူမရရအောင် ထွက်ပြေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပို့တဲ့နေရာကိုလိုက်နေတာ အခွင့်အရေးရတုန်း ထွက်ပြေးလာခဲ့တာဆိုတော့ သူရဲ့ စိတ်ဓာတ်က မဆိုးဘူး ကောင်းတယ်။ အမျိုးမျိုးလည်း စမ်းသပ်ပြီးပြီ သူကို သေနတ်တွေနဲ့ အတူတူ ပေးထားပြီးပြီ လုံး၀ကို ကျွန်တော်တို့ကို ပြန်မလုပ်ဘူး။ လုံး၀ စစ်မှန်တယ်”ဟု PDF ထောက်ပို့ ပြည်သူ့တပ်သား တာဝန်ခံ ကိုမင်းမင်းက ပြောဆိုသည်။

Photo – PDF ထောက်ပို့ ပြည်သူ့တပ်သားအဖွဲ့ ထံ အလင်းဝင်ရောက်ခဲ့သော ရဲတပ်သား ကိုအေးချမ်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article