25.9 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုနဲ့ မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းတွေ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့မှာ လူငယ်တွေပျောက်ဆုံးမှု ဆက်တိုက်များပြားလာပြီး စဉ့်ကိုင်မှာလည်း အကြမ်းဖက်စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနဲ့ တပည့်ဖြစ်သူတို့ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကာ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article