22 C
Yangon

ဆိပ်ဖြူရှိ ကပစ စက်ရုံများကို စစ်တပ်က ရိက္ခာပို့ရန် မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆိပ်ဖြူရှိ ကပစ စက်ရုံများကို စစ်တပ်က ရိက္ခာပို့ရန် မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကပစ စက်ရုံများကို အကြမ်းဖက် စစ်တပ်က ရိက္ခာပို့ရန် မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်သည် မြစ်ခြေမြို့နှင့် ကမ္မမြို့ အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကမ္မမြို့ရှိ ချိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် ကမ္မမြို့နှင့် မြစ်ခြေမြို့ အစပ်တွင်ရှိနေပြီး အင်အား ၁၅၀ ကျော် ပါဝင်ကြောင်း၊ ထို့ပြင် စစ်ကြောင်း ၃ ကြောင်းခွဲထား၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်ဆောင်ကြောင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဘက်မှလည်း ဆိပ်ဖြူရှိ ကပစ စက်ရုံများကို ရိက္ခာပို့ရန် စစ်ကား ၃၁ စီး ထွက်ခွာလာကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ကျေးရွာများကို ဆက်တိုက် မီးရှို့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေမှုကြောင့် မြစ်ခြေမြို့အနီးမှ အင်၀ိုင်း၊ မုန်းနတ်ကုန်း၊ ထန်းတောချောက်၊ ဖက်ပင် ၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ သရက်တော၊ တိုးချဲ့ ၁၂၃ ၊ ကြက်လျာ၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို အပါအဝင် ကျေးရွာ ၁၃ ရွာကျော်နှင့် ကမ္မမြို့ အနီးမှ ကျေးရွာ ၈ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အဲဒီစစ်ကြောင်းက ၂ ကြောင်းတည်း မဟုတ်ဘူး။ နောက်စစ်ကူတွေနဲ့ဆို ၃ ကြောင်းလောက်ဖြစ်နေပြီ အဲဒီစစ်ကြောင်းက သူတို့ ရိက္ခာပို့ဖို့ လမ်းရှင်းမယ့် သဘောပဲ ဒီနေ့ နံနက် ၁၁ ခွဲလောက်ကပဲ ပခုက္ကူကနေပြီးတော့ ရိက္ခာကားအပါ ကား ၃၁ စီးဆင်းလာတယ်။ အဲကားတွေက မြစ်ခြေဘက်ကို ဦးတည်သွားနေတယ်။ အဲ ရိက္ခာကားတွေ ဆိပ်ဖြူ ကပစ ၂၂ ကို သွားနိုင်တယ်။ အဲဒီလိုတော့ ခန့်မှန်းမိတယ်။ စစ်ခွေး အင်အားက အားလုံးပေါင်း ၃ ကြောင်းဆိုတော့ ၁၅၀ လောက်ရှိမယ်။ တိမ်းရှောင်နေရတဲ့ ရွာအရေအတွက်လည်း တော်တော်များတယ်။ လူဦးရေး သောင်းချီရှိတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article