25 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ ဂွမြို့သိမ်းတိုက်ပွဲမှာ သေသွားတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းဆိုသူဟာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်တာကြောင့် စစ်ကောင်စီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာက အကြမ်းဖက် စစ်ကောင်စီရဲ့ တာဝါတိုင်တပ် စခန်းမှာ စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦးက ပွဲချင်းပြီးတွေကို သေကုန်ကြပြီးတဲ့နောက် စစ်ဗိုလ် ၁ ဦး နဲ့ ပစ်ခတ်သူ စစ်သားတွေဟာ လက်နက်တွေပါ ယူပြီး ထွက်ပြေးသွားကြတယ်လို့ ဒေသခံသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီ အထိနေစေတဲ့ မြို့သိမ်းတိုက်ပွဲတွေကို မဟာမိတ်တပ်တွေနဲ့အတူ ဆင်နွဲနေတဲ့ မန္တလေး PDF က စစ်ကိုင်းတိုင်းမှာပါ တပ်မဟာ အသစ်ဖွဲ့စည်းပြီး စစ်ဆင်ရေး အရှိန်မြှင်တင်ဖို့အတွက် အတူတကွ ပူးပေါင်းလာမယ့် တော်လှန်ရေးအင်အားစုတွေကို တံခါးဖွင့်ကြိုဆိုနေတယ်လို့ ပြောဆိုလိုက်တဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article