30 C
Yangon

မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း အမေ့သွေး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော စခန်းတွင် ပြည်သူလူထုဆီမှ အကြောင်း အမျိုးမျိုးပြပြီး ကောက်ခံထားသော ငွေများဖြင့် သောက်စားမူးရူးပျော်ပါး နေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ကျန်ရှိနေသော စစ်သားများနှင့် ပျူစောထီးများ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် နောက်အနိမ့်ကျေးရွာမှ စစ်သားများက ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ကူ ပေးတိုက်ခိုက်ခဲ့ပြီး မြောက်ကျွန်းအထိုင်စခန်းမှလည်း ၄၀ မမများ၊ စက်လေးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိသည်။

“စစ်ခွေးတွေ အလစ်အငိုက်မထင်မှတ်တဲ့ အချိန်မျိုးမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပေါ့။ စစ်ခွေး ၁ ကောင်နေရာမှာပဲ သေဆုံးတယ်။ ကျန် စစ်ခွေးတွေလည်း ဒဏ်ရာရတာများတယ်။ နှစ်သစ်အကြို အထိမ်းအမှတ်အဖြစ် စစ်ခွေး ၁ ကောင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ အနိမ့်ကျေးရွာက ၈၀ မမ တွေ ပစ်ကူပေးတာ ၈ ချက်လောက်ပစ်တယ်။ မြောက်ကျွန်း အထိုင်စခန်းကနေလည်း ၄၀ မမနဲ့ စက်လေးနဲ့ လက်နက်ငယ်တွေ ပြန်လည် ပစ်ခတ်ခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့တယ်” ဟု အမေ့သွေး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကွပ်ကဲမှုအောက်ရှိ အမေ့သွေး ပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဧရာဝတီ မင်းသားကြီးအဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article