ရန်ကုန်၊ ဇန်နဝါရီ ၂
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြက်ရှုကျေးရွာသို့ ရောက်ရှိနေသော စစ်တပ် စစ် ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော်သေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ မြတ်ရှုကျေးရွာသို့ စစ် ကြောင်း ထိုးလာပြီး စခန်းနေထိုင်သော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၀ ကျော်သေဆုံးပြီး ကျန်စစ်သားများမှာ ဒဏ်ရာများဖြင့် ကစဉ့်က လျားထွက်ပြေးသွားကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော MA3 အမျိုးအစား သေနတ် ၁ လက်၊ MA94 အမျိုး အစားသေနတ် ၁ လက်၊ MA1 အမျိုးအစားသေနတ် ၁ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ BA63 အမျိုးအစားသေနတ် ၁ လက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံရေး နှင့်အကြမ်း ဖက်နှိမ်နင်းရေးဌာနကြီး – SSTF ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း နှင့် မြင်းခြံမြို့နယ် ပကဖ LOCAL အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သား အများအပြားထိခိုက်သေဆုံးပြီး အရှင်ဖမ်းမိသူများလည်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၆ နာရီအချိန်က မြင်းခြံမြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီအချိန်တွင် စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ချအလင်းဝင်သူများရှိ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဂျက်ဖိုက် တာတစ်စီးဖြင့် မင်းနေကုန်းရဲစခန်းတဝိုက်ကို ဗုံးကျဲချကာ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့အပြင် အနီးအနားရှိ ဆုံရွာမှ ပျူစောထီးများကလည်း သေနတ်များပစ်ဖောက်ကာ ခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။
အလားတူ တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား၊ ရဲ များထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။
ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်း၍ မြေပြင်၊ ဝေဟင်မှ စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၄၅ မိနစ် အထိကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ အများအပြားထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ သည့်အပြင် မြေပြင်မှ စစ်ကူအများအပြားရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း၃ ရဲဘော်များ ၊ မြင်းခြံခရိုင်တပ်ရင်း ၃ Drone Team တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်အတွင်း၌ တိုက်ပွဲများပြင်းထန်နေပြီး မိဘပြည်သူများအနေဖြင့် မြင်းခြံ -တောင်သာ ကား လမ်းပိုင်းအား ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် ထိုသို့ တားမြစ်ကန့်သတ်မှုကို ယခု ဇန်နဝါရီလကုန်အထိ တားမြစ်လိုက်ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ် ရင်းက ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar