23 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဘောတွေမှာ ဘက်ထရီ စွမ်းအင်စနစ်နဲ့ အသုံးပြုခုတ်မောင်းနိုင်အောင် လုပ်ရမယ်ဆိုပြီး ပြောသွားပြန်သလို ၊ အရင်သူပြော ဆိုခဲ့ဖူးတဲ့ လျှပ်စစ်ရထား၊ မြေအောက်ရထား၊ လျှပ်စစ်ဘတ်စ်ကားတွေလည်း တစ်ခုမှ ဖြစ်မလာခဲ့ဘဲ လျှပ်စစ်မီးတောင် တစ်နေ့ ၄ နာရီ မှန်မှန် မပေးနိုင်တော့ဘူးလို့ သိရပါတယ်။
  • ဧရာ၀တီတိုင်း ၊ ကန်ကြီးထောင့်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့ပြီး လုပ်ငန်းရှင်တွေဆီကနေ ဆက်ကြေးတောင်း ငွေညှစ်ခဲ့သူ အကြမ်းဖက် စစ်ကောင်စီ တပ်က ဗိုလ်မှူး နိုင်လင်းအောင် ဆိုသူဟာ ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲမှာ ပွဲချင်းပြီးကို သေသွားပြီလို့ အဲ့ဒီ့ ဗိုလ်မှူးနဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်တိုင်း စစ်ဌာနမှာရှိတဲ့ တော်လှန်ရေး ရဲဘော်တွေကို NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ တာဝန်ရှိတဲ့သူတွေဟာ မြေပြင်အထိ သွားရောက် တွေ့ဆုံပြီး လိုအပ်တာတွေကို ထောက်ပို့ပေးအပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article