23 C
Yangon

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် ထောင်ထားသော နင်းမိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်းရေးလုပ်ဆောင်၊ ပြည်သူ ၁ ဦး မိုင်းနင်းမိပြီး ခြေတောက် ဖြတ်ရ

Must read

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် ထောင်ထားသော နင်းမိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ရှင်းလင်းရေးလုပ်ဆောင်၊ ပြည်သူ ၁ ဦး မိုင်းနင်းမိပြီး ခြေတောက် ဖြတ်ရ

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်ဖက် စစ်တပ်က ထောင်ထားသော မိုင်းများကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း SOLO AUNG GYI အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောနေရာ အနီးကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသော ခြေနင်းမိုင်း ၉ လုံးကို တော်လှန်ရေး တပ်ဖွဲ့များ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ လာရောက်တိုက်ခိုက်မှုကို ကြောက်လန့်၍ ၎င်းတို့ တပ်စွဲထားသော အနီးတစ်ဝိုက်တွင် နင်းမိုင်း အမြောက်အများ ထောင်ထားခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ အတွင်း၌လည်း အကြမ်းဖက် စစ်တပ်စခန်းအနီး ဆိတ်ကျောင်းသား ၁ ဦးသည်လည်း အကြမ်းဖက် စစ်တပ်က ထောင်ထားသောမိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

” ဆားလင်းကြီးမြို့ပေါ်မှာရှိတဲ့ စစ်ခွေးတွေနေတဲ့ နေရာတွေကို ကျွန်တော်တို့ ရှင်းလင်းရေး လုပ်ဆောင်ပြီး နင်းမိုင်းတွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ခြေနင်း‌မိုင်း ၉ လုံး တိတိရရှိခဲ့တယ်။ ဒီဇင်ဘာလ ထဲမှာပဲ ဆိတ်ကျောင်းသား ၁ ဦး စစ်ခွေးတွေ ထောင်ထားတဲ့မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်။ စစ်ခွေးတွေက သူတို့ တိုက်ခိုက်ခံရမှာ ကြောက်လို့ နင်းမိုင်းတွေ ထောင်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေပဲ နင်းမိနေလို့ ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာပါ” ဟု SOLO AUNG GYI အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ နယ်မြေရှင်းလင်းရေးကို SOLO AUNG GYI အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ နှင့် ဆားလင်းကြီးအခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်‌ညီနောင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article