18 C
Yangon

ဖလမ်းမြို့တိုက်ပွဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၃ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦးတို့ကို ကလေး ပကဖ က အရှင်ဖမ်းဆီး

Must read

ဖလမ်းမြို့တိုက်ပွဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၃ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦးတို့ကို ကလေး ပကဖ က အရှင်ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ဖလမ်းမြို့တိုက်ပွဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦးတို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ထံမှ သိရသည်။

ဖလမ်းမြို့ တိုက်ပွဲများတွင် စစ်ရှုံး၍ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား တပ်ကြပ် ၁ ဦး ၊ ဒုတပ်ကြပ် ၁ ဦး ၊ တပ်သား ၁ ဦး နှင့် စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းခံရသော တပ်သားသစ် ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကလေးခရိုင် တပ်ရင်း ၁၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဒဏ်ရာရရှိထားသူများကိုလည်း ကောင်းမွန်စွာ ဆေးကုသမှုများ လုပ်ဆောင်ပေးနေပြီး ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများလည်း တော်လှန်ရေး တပ်ဖွဲ့များထံ အမြန်ဆုံး လက်နက်ချ အလင်းဝင်ရန် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article