27.9 C
Yangon

ရခိုင်နှင့်ပဲခူးအစပ် တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းတွင် ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားနေမှုနှင့် စစ်တပ်၏ ပေါ်တာဆွဲမှုများကြောင့် ပြည်သူများ ထွက်ပြေးနေရ

Must read

ရခိုင်နှင့်ပဲခူးအစပ် တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းတွင် ထိတွေ့တိုက်ပွဲတချို့ဖြစ်ပွားနေမှုနှင့် စစ်တပ်၏ ပေါ်တာဆွဲမှုများကြောင့် ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၄

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်ရှိ တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းတွင် ထိတွ့တိုက်ပွဲတချို့ ဖြစ်ပွားနေမှုနှင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေမှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းနှင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေကြောင်း၊ အခြားတစ်ဖက်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကုတ်-ပန်းတောင်း လမ်းပိုင်းရှိ စာရေးကွင်းရွာ၊ ကျားအိုရွာနှင့် ကြာအင်းရွာတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သား စုဆောင်းနေကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက် ဖမ်းဆီးမှုကြောင့် ကျားအိုရွာမှ လူငယ် ၃ ဦးနှင့် ကြာအင်းရွာမှ လူငယ် ၁ ဦး ဖမ်းဆီးခံရပြီး စာရေးကွင်းရွာမှ ပြည်သူများမှာလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စာရေးကွင်းရွာကို စစ်ခွေးတွေ ဝင်မွှေလို့ ရွာမှာ သက်ကြီးရွယ်အိုနဲ့ မပြေးနိုင်တဲ့ သူကလွဲရင် အကုန်ထွက်ပြေးနေရတယ်။ ကျားအိုရွာမှာလည်း လူငယ် ၃ ဦး ပါတယ်။ ကြာအင်းရွာမှာတော့ ၁ ဦး ပါသွားတယ်။ စစ်ခွေးတွေ ပြည်သူ့လုံခြုံရေး အဖွဲ့ဆိုပြီး လုပ်မယ်ထင်တယ်။ အခုကရွာတွေကို ဆက်တိုက်စီးနင်းနေတာ ဖုန်းလိုင်းတွေက လုံးဝ မရတော့ ဖမ်းဆီးခံရတဲ့ လူဦးရေကို ဆက်လက် အတည်ပြုဖို့ခက်နေတယ်။ တိုက်ပွဲအခြေအနေလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသ သတင်းရင်းမြစ်ကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် သာယာဝတီခရိုင်တွင် တပ်ဖြန့်ထားသော တပ်မ ၇၇ နှင့် တပ်မ ၁၀၁ မှ စစ်ကောင်စီ တပ်သားများကို ပြည်မြို့သို့ ပို့ဆောင်ရန် လုပ်ဆောင်နေပြီး တပ်အင်အား အလွန်လျော့နည်းနေကြောင်း၊ ထို့ပြင် ပြည်မြို့မှ စစ်အရာရှိ မိသားစုဝင်တချို့ကိုလည်း တိုက်ပွဲများ ဖြစ်လာနိုင်၍ ရန်ကုန်သို့ ပို့ဆောင်မှုများရှိကြောင်း သိရသည်။

“စစ်ခွေးတွေက ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာရင် စစ်ကူပို့ဖို့ဆိုပြီး သာယာဝတီခရိုင်ရောက်နေတဲ့ တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ ကို ပြင်ဆင်ခိုင်းထားတယ်လို့သိရတယ်။ ဒါပေမယ့် သူတို့က အဲဒီကိုလည်း တပ်အင်အားတွေ အကုန်ပို့လို့မရဘူး။ နောက်ချန်ထားရတော့ စစ်မှုထမ်း တပ်သားသစ်တွေနဲ့ ရောပြီး ပို့ဖို့လုပ်နေတယ်။ တပ်အင်အားက တော်တော်လေးလျော့နည်းနေပြီ။ ပြည်က စစ်တပ် အရာရှိ မိသားစုတချို့ကို ရန်ကုန်ပို့နေတာတွေလည်းရှိတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် AA မြို့ ၁၄ မြို့ကို သိမ်းပိုက်ပြီးနောက် ရခိုင်နှင့်ထိစပ်နေသော ပဲခူး၊ မကွေးနှင့်ဧရာ၀တီတိုင်းတို့တွင် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေးနေရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article