20 C
Yangon

မင်းကင်းတွင် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား၊ တော်လှန်ရေးတပ်ဖွဲ့က စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု ပျူစောထီး ၃ ဦးကို အရှင်ဖမ်းမိ

Must read

မင်းကင်းတွင် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား၊ တော်လှန်ရေးတပ်ဖွဲ့က စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု ပျူစောထီး ၃ ဦးကို အရှင်ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးကို အရှင်ဖမ်းမိပြီး စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ကာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း Upper Chindwin River Revolution Force – UCRRF မှ သတင်းပြန်ကြားရေးတာဝန်ခံ Eagle က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီခန့်အထိ မင်းကင်းမြို့နယ်၊ ကြီး‌တောင်ဦးကျေးရွာနှင့် အံ့စားရာကျေးရွာတို့ကို အင်အား ၈၀ ခန့်ဖြင့် အကြမ်းဖက် စစ်တပ် ၂ ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို Upper Chindwin River Revolution Force – UCRRF နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့-SRF တို့က ကြားဖြတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ပျူစောထီး ၅ ဦးကို UCRRF တပ်‌တော်က အရှင် ဖမ်းမိခဲ့ပြီး ၂ ဦးမှာ ထွက်ပြေးလွတ်‌ မြောက်သွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ လက်ပစ်မိုင်း ၁ လုံးနှင့်ဖုန်း ၁ လုံးသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တုမရကျေးရွာမှ ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မအိုးကိုင်းရွာမှ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနှင့် အမည်မသိ ပြည်သူ တစ်ဦးကိုလည်း စစ်ကောင်စီ တပ်သားများက ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ တုမရရွာက ပြည်သူ ၆ ဦးကို စစ်ခွေးနဲ့ ပျုစောထီးတွေက သတ်ဖြတ်သွားတယ်။ ခွေးစစ်ကြောင်းက ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်။ စပါးခင်းတွေကိုလည်း စစ်ခွေးတွေက မီးရှို့သွားတယ်။ စစ်ခွေးတွေ ဖမ်းသွားတာက မအိုးကိုင်းရွာက ပြည်သူတွေပါ။ ၁၄ နှစ် အရွယ် ကောင်မလေး ၁ ဦးကို PDFနဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး ဖမ်းသွားတာလို့ ရွာခံဆီက သိရတယ်။ တစ်ဦးကတော့ မသိရသေးဘူး။ ယောကျာ်းလေး ဖြစ်လောက်မယ်။ လက်ရှိမှာတော့ စစ်ခွေးတွေက ကြီးတောင်ဦးရွာမှာ တပ်စွဲထားတယ်။ ကျွန်တော်တို့ UCRRF တပ်ဖွဲ့က အဖမ်းခံရတုန်းက လက်နက်တွေ မင်းကင်းမြို့နယ် ဒုတာဝန်ခံ ဇော်မင်း ပြန်မပေးသေးတော့ လက်နက်အခက်ခဲလေးတော့ရှိတယ်။ မြို့နယ်ဆီကလည်း ဘာထောက်ပံ့မှုမှ မရဘူး။ ကိုယ်ရန်ပုံငွေ ကိုယ်ရှာပြီးပဲတိုက်နေရတာ မနေ့က တိုက်ပွဲဆို ရဲဘော်တစ်ဦးက ခြေချင်းဝတ်ပါ ပြတ်သွားတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ ကျောင်းသားတော်လှန်ရေးတပ် SRF က ခေါ်သွားတယ်။ သူတို့ ဘယ်လို ဆက်လက် အရေးယူမလဲတော့ မသိရသေးဘူး” ဟု Upper Chindwin River Revolution Force – UCRRF မှ သတင်းပြန်ကြားရေးတာဝန်ခံ Eagle က ပြောဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသော မိုင်းနင်းမိပြီး တော်လှန်ရေး ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ခြေချင်းဝတ် ပြတ်တောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article