24 C
Yangon

သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ကျေးရွာများမှ စစ်ရှောင်ပြည်သူများအတွက် အလှူရှင်များ အရေးပေါ်လိုအပ်

Must read

သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ကျေးရွာများမှ စစ်ရှောင်ပြည်သူများအတွက် အလှူရှင်များ အရေးပေါ်လိုအပ်

ရန်ကုန်၊ ဇန်နဝါရီ ၆

ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ကျေးရွာများမှ ဧရာဝတီတိုင်း ဟင်္သာတခရိုင်လေးမျက်နှာမြို့နယ်ရှိ ကွင်းကြီးအုပ်စုလဲခုံကြီးကျေးရွာတွင် တဲထိုးနေထိုင်နေကြရသည့် စစ်ရှောင်ပြည်သူများကို လေးမျက်နှာမြို့နယ် မှန်တန်းကျေးရွာကျောင်းထိုင်ဆရာတော် ဦးသောဘိတ က အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

စစ်ရှောင်ပြည်သူများသည် ကွင်းကြီးအုပ်စုလဲခုံကြီးကျေးရွာချောင်းသဲခုံပေါ်တွင် တဲထိုးနေထိုင်နေကြရပြီး အလှူရှင်များ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

စစ်ဘေးရှောင် ပြည်သူများသည် စုစုပေါင်း အိမ်ထောင်စု ၆၀ ၊ လူဦးရေ ၁၅၀ ရောက်ရှိနေပြီး စားသောက်နေထိုင်ရေးအလွန်ခက်ခဲနေကြသည့်အပြင် ဆေးဝါးအပါအဝင် အနွေးထည်နှင့်စောင်များပါလိုအပ်လျက်ရှိနေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article