ရန်ကုန်၊ ဇန်နဝါရီ ၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ – စရဖ ရုံးကို ဝင် ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီ ၁၀ နာရီမိနစ်က ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ တရားမ ဝင်အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ – စရဖ ရုံးကို ဝင် ရောက် စီးနင်းခဲ့ရာ စတင်ပစ်ခတ်သည့် အကြမ်းဖက်စစ်သားများမှာ သေနတ် ၆ ချက်ခန့်ရမ်းသမ်း ပစ်ခတ်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြောင်း သိရသည်။
“အင်အားက မြို့တော်ခန်းမပါ ပေါင်းမှ ၇ ဦးလောက်ပဲရှိတာပါ။ လက်နက်တွေတော့ မရခဲ့ဘူး။ မီးရှို့ခဲ့ တာက ရုံးတခြမ်းမီးလောင်သွားတယ်။ စစ်ကူလာတာမျိုး၊ လာရောက်တိုက်ခိုက်တာမျိုးမရှိပါဘူး” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားပြီးနောက် ရုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ကျည်ဘောက် ၂ ခု ၊ ကျည်ဆံ အတောင့် ၁၀၀ နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စရဖရုံးကို မီးရှို့ဖျက်ဆီးခဲ့ ရာ ရုံးတခြမ်းလုံးပြာကျသွားကြောင်း သိရသည်။
အဆိုပါ စီးနင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar