ရန်ကုန်၊ ဇန်နဝါရီ ၇
ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင် Wang Xing ကို မြန်မာဘက်တွင် ပြန်လည် တွေ့ရှိပြီး ထိုင်းရဲချုပ်က သွားရောက် လက်ခံခေါ်ဆောင်နေကြောင်း ထိုင်း Khaosod English က သတင်းဖော်ပြသည်။
ယနေ့တွင် ထိုင်းနိုင်ငံ ကလေး၊ အမျိုးသမီးများ၊ မိသားစုနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုဌာန ဒါရိုက်တာဖြစ်သော ထိုင်း ရဲချုပ် Thatchai Pitaneelabutr က တရုတ်သရုပ်ဆောင် Wang Xing (သို့မဟုတ် Xingxing) ကို လက်ခံရန်သွားရောက်နေကြောင်း၊ အဆိုပါ သရုပ်ဆောင်သည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်နယ်စပ်အနီးတွင် ဇန်နဝါရီ ၃ ရက်ကတည်းက မြန်မာနိုင်ငံဘက်အခြမ်းတွင် ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။
တရုတ်သရုပ်ဆောင်ကို မည်သို့ မည်ပုံ ပြန်လည်တွေ့ရှိရသည်ကို မသိရှိရသေးဘဲ ဖြစ်စဉ်အသေးစိတ်ကိုလည်း ထိုင်းသတင်းဌာနများက ဖော်ပြခြင်းမရှိသေးပေ။
ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်က တရုတ်သရုပ်ဆောင် Wang Xing သည် မြန်မာ-ထိုင်းနယ်စပ်တွင် ပျောက်ဆုံးနေကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ပျောက်ဆုံးနေသူ ၏ မိသားစုနှင့် အဆက်အသွယ်ပြုလုပ်ထားကြောင်း၊ ပျောက်ဆုံးနေမှုကို နောက်ဆက်တွဲ လိုက်လံစုံစမ်းမှုများ ပြုလုပ်နေပြီး တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးနှင့် ဥပဒေပါ အခွင့်အရေးများအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
တရုတ်သရုပ်ဆောင် Wang Xing ပျောက်ဆုံးနေမှုသည် တရုတ်လူမှုကွန်ရက်တွင် တနင်္ဂနွေညပိုင်းမှ ဆွေးနွေးမှုများပြားလျက်ရှိနေပြီး ထိုင်း-မြန်မာနယ်စပ်တွင် သရုပ်ဆောင်ကမ်းလှမ်းခံရပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရှီရသည်။
တရုတ်သရုပ်ဆောင် Wang သည် Shanghai Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ခရီးထွက်ခဲ့ပြီး မဲဆောက်မြို့သို့ ရောက်ရှိပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar