26 C
Yangon

ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

Must read

ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ နေ့လည်ပိုင်း အထိ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ တောင်ရဲစခန်း ၊ လူပျိူဆောင်၊ စိုက်ပျိုးရေရုံး ၊ ထွေအုပ်ရုံး၊ ဘဏ်ရုံးနှင့် ရုပ်သံ ကုန်းနေရာ အသီးသီးတို့ကို ရော့ကတ်များအပါအဝင် ဒရုန်း ဗုံးသီးများ ၊ ၆၀ မမ များ ဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ပစ်မှတ်နေရာများကို ထိရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင် စီ တပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ထိခိုက် ပျက်စီးမှုများကို စုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်း အတိအကျတော့မသိရသေးပါဘူး စုံစမ်းဆဲပါ ။ ထီးလင်းမြို့က စစ်ကြောင်းဟာ မြို့နီးနားက ကျေးရွာတွေကိုမကြာခဏ စစ်ကြောင်းထွက်ပြီး ဖမ်းဆီးသတ်ဖြတ်မီးရှို့တာတွေရယ် ပြီးတော့ စစ်ကောင်စီလက်အောက်ကနေ အမြန်ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အလင်းဝင်လာဖို့ ပြောချင်တာပါ”ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဗျူဟာ – ၈၁ ၊ ထီးလင်းမြို့နယ်ခရိုင် တပ်ရင်း များ၊ ခရိုင် ပကဖ ၊ မြို့နယ် ပလဖ နှင့် ယောဧရာ (က.ပ.စ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article