26 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ကို စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ကို စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ကို စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Area 71 peoples defense force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီ ၁၈ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ နမခ ကို စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသည့် အကြမ်းဖက် စစ်တပ်၏ သံပြားကာ Jummer ကား ၃ စီးကို ချောင်းဦးမြို့နယ် မုံရွာ လမ်းပိုင်း တစ်နေရာအရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း သံပြားကာ ကား ၃ စီး၏ ၂ စီးမြောက်ကားကို ထိမှန်ခဲ့ပြီး မိုင်းကွင်း တစ်နေရာတွင် ရပ်တန့်သွားကြောင်း၊ ယင်းသို့ ရပ်တန့်သွားပြီးနောက် လမ်းပိုင်း လုံခြုံရေးယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းဘေးဝဲယာကို ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် မိုင်းထိမှန်ခဲ့သော သံပြားကာကားမှာ body များ ပွင့်ထွက်ပြီး အင်ဂျင်ဝိုင်များယို၍ ဆက်လက် မောင်းနှင်သွားကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ ဖောက်ခွဲရေး) အဖွဲ့နှင့် Area 71 PDF Monywa ၊ ANYAR DEFENCE FORCE ( ADF) နှင့် Tiger Brother Peoples Defence Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article