30 C
Yangon

ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်

Must read

ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး သည် လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး လက်နက်မျိုးစုံ ၁၅ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျို စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦးသည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ ချိတ်ဆက်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂ ရှိ PDF ရဲဘော်များက ကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၁၆ ဦးသည် ၈၀ မမ ၁ လက် ၊ ၆၀ မမ ၁ လက်၊ ၅၀ မမ ၁ လက်၊ စက်လက် ၁ လက်၊ စနိုက်ပါ သေနတ် ၁ လက်၊ MA-1 သေနတ် ၇ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျန်ရှိနေသေးသော အကြမ်းဖက် စစ်ကောင်စီတပ်သားများအနေဖြင့်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များ ထပ်မံလုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ လာရောက် ချိတ်ဆက် ပူးပေါင်းကြရန် တောင်ပိုင်းစစ်ဒေသက တိုက်တွန်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article