26 C
Yangon

မင်းဘူးမြို့နယ် ရွှေစက်တော် အနီး အိုးပြင်မဲရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၆ လုံး ပြာကျ၊ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ရွာမှ ကားနှင့် အဖိုးတန်ပစ္စည်းများကိုလည်း စစ်တပ်က လုယက်ယူဆောင်

Must read

မင်းဘူးမြို့နယ် ရွှေစက်တော် အနီး အိုးပြင်မဲရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၆ လုံး ပြာကျ၊ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ရွာမှ ကားနှင့် အဖိုးတန်ပစ္စည်းများကိုလည်း စစ်တပ်က လုယက်ယူဆောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ မင်းဘူးမြို့နယ် ရွှေစက်တော် အနီးရှိ အိုးပြင်မဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၆ လုံး ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မင်းဘူးမြို့နယ်၊ ရွှေစက်တော်အနီးရှိ အိုးပြင်မဲကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ အိုးပြင်မဲရွာကို ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြောင်း၊ သို့ရာတွင် ထွက်မပြေးနိုင်ဘဲ နေအိမ်၌ ကျန်ရှိခဲ့သော နာမကျန်း ဖြစ်နေသည့် ဦးတင်အေးသည် အစာရေစာ ပြတ်၍ သေဆုံးသွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားပြီး ဘုန်းကြီးကျောင်းရှိ နာရေးကားများကိုလည်း ကရိန်းဖြင့် သယ်ယူသွားကြောင်း သိရှိရသည်။

“ရွှေစက်တော် အနီးနားက ဆည်တော်လို့ လူသိများတဲ့ အိုးပြင်မဲ ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က အင်အား ၁၅၀ နဲ့ စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်ပြီး ရွာကို ဝင်စီးတာ သူတို့ ဝင်စီးပြီးတော့ ရွာတောင်ပိုင်းက နေအိမ်ကွက်သစ်တွေကို မီးရှို့သွားတာ အိမ်ခြေ ၃၆ လုံး မီးလောင်ပြာကျသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များသည် ၂၀၂၀ ခုနှစ်က ကျေးရွာအတွင်း ဖြစ်ပွားသော မီးလောင်းမှုကြောင့် အသစ်ပြန်လည် ဆောက်လုပ်ထားသော နေအိမ်များဖြစ်ပြီး မင်းဘူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပထမ ဆုံးအကြိမ် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article