29 C
Yangon

ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ တွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ ပူးပါင်း၍ လောင်းကစားဝိုင်းများ ခွင့်ပြု စီးပွားရှာနေ၊ နိုင်ငံရေး မလုပ်ရန်နှင့် PDF မလုပ်ရန်အတွက် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာနှင့်အရက်များကို လိုင်းကြေးယူ ခွင့်ပြုနေ

Must read

ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ တွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ ပူးပါင်း၍ လောင်းကစားဝိုင်းများ ခွင့်ပြု စီးပွားရှာနေ၊ နိုင်ငံရေး မလုပ်ရန်နှင့် PDF မလုပ်ရန်အတွက် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာနှင့်အရက်များကို လိုင်းကြေးယူ ခွင့်ပြုနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ ဦးရှင်ကြီးပွဲတော်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်မြေရဲစခန်း နှင့် အုပ်ချုပ်ရေးမှူးများ ပူးပါင်း၍ လောင်းကစားဝိုင်းများ ပြုလုပ်ပြီး စီးပွားရှာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ ကျင်းပနေသည့် တလုပ်ထော်မြို့ ဦးရှင်ကြီးပွဲတော်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်မြေရဲစခန်းမှ ရဲများနှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ ကျင်းပ၍ စီးပွားရှာနေခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေခံ ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ဂျင်ဝိုင်း၊ ကြက်ဝိုင်း အများအပြင် လောင်ကစား မျိုးစုံပါဝင်သည့် လောင်းကစားဝိုင်း ၂၀ ကျော်ကို ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လောင်းကစားဝိုင်းများကို ပွဲတော်မကျင်းမီ ၂ ရက်အလိုတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး လောင်းကစားဝိုင်းတွင် လာရောက် ကစားပြီး မူးရစ် ဆဲဆိုနေသူများကိုလည်း ရဲများက အရေးယူခြင်းမရှိဘဲ ဆူပူသောင်းကျန်းခွင့် ပေးထားသောကြောင့် ပွဲတော် လာရောက်သူများ ကြောက်လန့်နေရကြောင်း သိရသည်။

“တလုပ်ထော်မြို့ အမှတ် ၂ ရပ်ကွက်မှာ ကျင်းပနေတဲ့ ဦးရှင်ကြီး ပွဲတော်ကို အကြောင်းပြပြီး နယ်မြေရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာပါ။ ပွဲမိန့်က ၃ ရက်ဆိုပေမယ့် ပွဲမတိုင်ခင် ၂ ရက်တည်းက လောင်းကစားဝိုင်းတွေက စလုပ်နေတာ ဂျင်ဝိုင်း၊ ကြက်ဝိုင်း အစုံပဲ စုစုပေါင်း လောင်းကစားဝိုင်း ၂၀ ကျော်ရှိပါတယ်။ လောင်းကစားဝိုင်းမှာ မူးရူး သောင်းကျန်းနေလည်း ဘာမှ အရေးမယူဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဟင်္သာတမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လောင်းကစား၀ိုင်းများ၊ မူးယစ်ဆေးဝါးရောင်းချမှုများ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ နှစ်လုံးထီ၊ သုံးလုံးထီးနှင့် ချဲ ဘောလုံးများကို လိုင်းကြေးနှင့် ဆက်ကြေးများ ရယူ၍ တရားဝင် ခွင့်ပြုပေးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အခုက နိုင်ငံရေးမလုပ်ရင်၊ PDF မလုပ်ရင်ပြီးတာပဲဆိုပြီး အရက်၊ ဖဲ၊ ဖာ ၊ ဆေး ၊ လောင်းကစား အကုန် ခွင့်ပြုပေးနေတာ။ လူငယ်တွေလည်း အရက်သောက် ဘောလုံးပွဲလောင်းတွေ ဆေးစွဲတွေ ဖြစ်ကုန်ကြတယ်” ဟု ဟင်္သာတမြို့နယ်မှ CDM ကျောင်းဆရာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article