29 C
Yangon

တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကား များကို စစ်ဆေးနေစဉ် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၃၉ မှ ဘုရင့် နောင် တပ်မြို့ သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အမှန်ပြောရရင် ဘုရင့်နောင်တပ်ကနေ တောင်ငူကို KTV သွားပြီး အပြန်မှာဖြစ်တာ။” ဟု KNLA တပ်မ ဟာ ၂ တပ် ရင်း ၅ Thawthikho မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၂ တွင် လက်ရှိ PDF တပ်များနှင့် တော်လှန်ရေးတပ်များကပါ ပူးပေါင်း စစ်ရေး လှုပ်ရှားနေပြီး စစ်ကောင်စီတပ်များမှာ မြို့ပေါ်နေရာများတွင်သာ စစ်ရေး အခြေပြုလှုပ်ရှားနိုင်တော့ကြောင်း၊ ကျေးရွာများနှင့်နယ်ဘက်များတွင် စစ်ကြောင်း လှည့်လည်ခြင်းမှလွဲ၍ အခြေပြု စခန်းများ တဖြည်းဖြည်း ရုပ်သိမ်းဆုတ်ခွာမှုများရှိနေကြောင်း သိရှိရသည်။

“သံတောင်ကြီးဘက်မှာဆိုရင်တော့ စခတွေက မြို့ပေါ် ဧရိယာလောက်ပဲ အဓိက အထိုင်ချတပ်စွဲနိုင်တော့တယ်။ လမ်းပိုင်းတွေနဲ့ ရွာတွေဘက်တော့ ရံဖန်ရံခါ စစ်ကြောင်းလှည့်လာတာလောက်ကလွဲပြီး စစ်ရေး လှုပ်ရှားမှု သိပ်မလုပ်နိုင်တော့ဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article