ချောက်မြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် စစ်တပ် ဒေါက်တိုင် ထွန်းနိုင် ပတ်ခတ်ခံရပြီး သေဆုံး
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ထွန်းနိုင် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Chauk Revolution Force – CRF အဖွဲ့ တာဝန်ခံ ကိုကျောင်းသား က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၁ရက်နေ့တွင် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ချောက်မြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသည့် ဆားလယ်ကျွန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ထွန်းနိုင် ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သူက ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေနဲ့ ထောက်ပို့ လုပ်နေတဲ့ သူတွေနဲ့ သတင်းကို ချောက်မြို့နယ် ခရိုင်မှူးနဲ့ ပေါင်းပြီးတော့ ဝင်ရောက် ဖမ်းဆီး ခိုင်းတာတွေ လုပ်တဲ့ အတွက် ကျနော်တို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့်လည်း ဆက်လက် လုပ်ဆောင်နေလို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု Chauk Revolution Force – CRF အဖွဲ့ တာဝန်ခံ ကို ကျောင်းသား က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Chauk Revolution Force (CRF) နှင့် Kyaukpadaung special defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။