23 C
Yangon

စလင်း ခလရ -၂၅၅ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို PDF တပ်ဖွဲ့က စောင့်ရှောက်ထား၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ၁ ဦး ကျည်များ ယူဆောင်လာပြီး အလင်းဝင်

Must read

စလင်း ခလရ -၂၅၅ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို PDF တပ်ဖွဲ့က စောင့်ရှောက်ထား၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ၁ ဦး ကျည်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် စလင်းမြို့နယ်၊ ခလရ -၂၅၅ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို စလင်းမြို့နယ် (ပကဖ) မှ အရှင်ဖမ်းဆီးရရှိခဲ့ပြီး လူသားချင်းစာနာ‌ ထောက်ထားစွာဖြင့် ထိန်းသိမ်း စောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်သားသစ် ၃ ဦးသည် မန္တလေးမြို့၌ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အတင်း အဓမ္မ စစ်သားသစ် စု‌ဆောင်းခံရကာ ရပ်စောက်မြို့ (ဗထူး) သင်တန်း အမှတ်စဉ် ၆ မှ သင်တန်းဆင်းလာကာ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းကို ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျန်ရှိနေတဲ့ စလင်းမြို့နယ်အတွင်းက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ မိမိတပ်တွင်း အခြေအနေကို သေချာသိရှိပြီး ကျနော်တို့ စလင်း ပကဖ ထံ လက်နက်နဲ့ အတူအလင်းဝင်ရောက်ပြီး ထိုက်သင့်တဲ့ ချီးမြှင့်ငွေနဲ့ အတူ အလင်းဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စလင်းမြို့နယ် အတွင်းရှိ ကျန်ရှိနေ‌သော အကြမ်းဖက် စစ်‌သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ကောင်စီ လက်‌အောက်မှ ရုန်းထွက်၍ စလင်း ပကဖ ထံ လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်ရောက်ပါက ထိုက်သင့်သော ဆု‌ကြေးငွေများကိုလည်း ချီးမြှင့် ပေးအပ်သွားမှာ ဖြစ်ပြီး လုံခြုံသည့် နေရာကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ၁ ဦးသည် ကျည်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား နေမျိုးလင်းသည် MA ကျည် ၁၈၆ တောင့်၊စကားပြောစက် ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး တို့နှင့် အတူ ဂန့်ဂေါခရိုင်တပ်ရင်း YRA ထံကို အလင်းဝင်ရောက် လာခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော ရဲတပ်သား နေမျိုးလင်းကို YRA တပ်ရင်းမှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များကို စီစဥ်ဆောင်ရွက်ပေးခဲ့ကာ လွတ်မြောက်နယ် တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article