23 C
Yangon

ကြို့ပင်ကောက်တွင် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်တပ် ဒေါက်တိုင် သန်းဆွေဦး ပစ်ခတ် ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် သန်းဆွေဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် သန်းဆွေဦးကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော သန်းဆွေဦးသည် ပြည်သူများကို PDF ထောက်ပို့များဟု စွပ်စွဲကာ ပြည်သူအချို့၏ နေအိမ်များကို အတင်း အဓမ္မ ဝင်ရောက် ဖမ်းဆီးခိုင်းစေခြင်း၊ အဓမ္မဖမ်းဆီးခြင်း ခံရသောပြည်သူအချို့ကို ၄င်းကိုယ်တိုင် မျက်နှာ ပုဝါစီးပြီး သွေးချင်းချင်း နီအောင် ရိုက်နှက် နှိပ်စက်ခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို ဓာတ်ပုံနှင့် တကွ သတင်းအချက်အလက်များရယူပြီး အကြမ်းဖက် စစ်တပ် သတင်းပေးခြင်း ၊ လူအချင်းချင်း ဗိုလ်ကျအနိုင်ကျင့် စိတ်ထင်သလို မိုက်ရိုင်း စော်ကားနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်သူတွေအပေါ် အကြိမ်ကြိမ် မိုက်ရိုင်း စော်ကားနေတာတွေ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့် ကျနော်တို့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် စစ်တပ် ဒေါက်တိုင် များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အစဉ်အမြဲရှိရန် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK – PDF) မှ တိုက်တွန်းနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article